မြန်မာတိုင်းမ်တွင် အွန်လိုင်းအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည့်အပြင် မြန်မာတိုင်းမ်မှ ထုတ်ဝေခဲ့သော The Crime Journal တွင်လည်း တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ဆရာသက်လှိုင်သည် စာနယ်ဇင်းနှင့် ဘာသာပြန်လုပ်သက် ၁၅ နှစ်ကျော် အတွေ့အကြုံရှိသူ တစ်ဦးဖြစ်သည်။ ဆရာသည် Master of Business Administration (MBA), Bachelor of Science in Industrial Chemistry (B.SC - IC), Diploma in Business Law, Diploma in International Law, Diploma in International Relationship များနှင့် AGTI (EP) ဒီပလိုမာဘွဲ့များ ရရှိခဲ့သူလည်း ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ဘာသာပြန်တတ်လိုသူများလေ့လာသင့်သည့် အသုံးအနှုန်းနှင့် အီဒီယမ်များ စာအုပ်ကိုလည်း ပြုစုထုတ်ဝေခဲ့သူ ဖြစ်သည်။