Call Now09 77 89000 24/5

Send Messagehello@peakpointacademy.com

Our LocationNo - 170/176, Room - 409, MGW Center

YADANAR

Academic Manager

Peak Point Academy ၏ Academic Manager အဖြစ် တာဝန်ယူထားပြီး ဘာသာပြန်သင်တန်းများနှင့် စာရေးသားနည်းသင်တန်းများကို ပို့ချသင်ကြားပေးနေသူ ဆရာမတစ်ဦးလည်း ဖြစ်ပါတယ်။ ဆရာမရတနာသည် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း၏ ရန်ကုန်တိုင်းဒေသကြီးအတွက် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံဘာသာပြန်စာပေကွန်ရက်တွင်လည်း ပြန်ကြားရေးတာဝန်ခံတစ်ဦး ဖြစ်သည်။ YSEALI Fellowship ဖြင့် အမေရိကန်ပြည်ထောင်စု၊ University of Connecticut နှင့် UPeace Center for Executive Education မှ Entrepreneurship, Innovation and Social Change ဘာသာရပ်များကို လေ့လာခဲ့ပြီး တိုးတက်မှုလမ်းစရှာဖွေလိုသူလူငယ်များအတွက် အကြံပေးလမ်းညွှန်မှုများ ပေးသော POINT Youth Platform ကို စတင်တည်ထောင်ခဲ့သူလည်း ဖြစ်သည်။ သတင်းအတတ်ပညာ ဘာသာရပ်ကို မဟာဘွဲ့အထိ လေ့လာခဲ့ပြီး နော်ဝေနိုင်ငံ University of Oslo တွင် Peace Journalism နှင့် ဆွီဒင်နိုင်ငံ University of Orebro တွင် Conflict Sensitive Reporting များကိုလည်း လေ့လာခဲ့သူတစ်ဦးဖြစ်သည်။ Myanmar Times နေ့စဉ်ထုတ် အင်္ဂလိပ်သတင်းစာနှင့် အပတ်စဉ်ထုတ် မြန်မာသတင်းစာတွင် အကြီးတန်းသတင်းထောက်အဖြစ် စီးပွားရေးဆိုင်ရာသတင်းများကို ရေးသားခဲ့သူလည်း ဖြစ်သည်။ လက်ရှိတွင် လူငယ်များအတွက် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် ရွေးချယ်ခြင်းများနှင့် ပညာသင်ဆု လျှောက်ထားခြင်းများအတွက် ဆွေးနွေးပွဲများတွင်လည်း ပါဝင်ဟောပြောပေးနေသူတစ်ဦး ဖြစ်သည်။

0%

0%

0%

0%