Call Now09 77 89000 24/5

Send Messagehello@peakpointacademy.com

Our LocationNo - 170/176, Room - 409, MGW Center

Course Features

Lectures 0
Quizzes 0
Duration 8 week
Students 20
MO LWIN

Teacher:MO LWIN

Category

Enrolled: 6 students

Course Time:8 week

150,000.00 K

Business English Class

6 students

Business  English Class

————————————————-

သင်က လုပ်ငန်းခွင်မှာ အလုပ်များသူတစ်ဦးဖြစ်ပြီး စီးပွားရေး လုပ်ငန်းတိုးချဲ့ဖို့ Communication နည်းဗျူဟာတွေ၊ စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာကို လေ့လာလိုသူတစ်ဦး ဆိုရင်တော့ အချိန်တိုအတွင်း ထိရောက်တဲ့ သင်ကြားရေး နည်းစနစ်တွေနဲ့ သင်ကြားပေးမယ့် သင်တန်းဖြစ်ပါတယ်။

အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ စတင်လိုသူများ၊ စီးပွားရေးစတင်သူများ လုပ်ငန်းရှင်များ၊ မန်နေဂျာများ အတွက် စီးပွားရေးလုပ်ငန်းများကို ကွန်ရက်ပိုမိုချဲ့ထွင်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာဝေါဟာရများကို အချိန်တိုအတွင်းလေ့လာနိုင်စေမယ့် သင်တန်းဖြစ်ပါတယ်။

ဘာကြောင့်တက်ရောက်သင့်တာလဲ?

——————————————

လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာကို အချိန်တိုအတွင်း တစ်နေရာတည်းတွင် ထိရောက်စွာ လေ့လာနိုင်ရန်။

— လုပ်ငန်းခွင်သုံး Email, Letter နှင့် Report များကို အချိန်တိုအတွင်း ဆွဲဆောင်မှုရှိရှိ ရေးသားတတ်ရန်။

— သင့်ကုမဏီနှင့် စီးပွားရေးကွန်ရက်ကို ပိုမိုချဲ့ထွင်နိုင်ရန်။

— စီးပွားရေးဆွေးနွေးပွဲများတွင် ညှိနှိုင်းဆွေးနွေးမှုများ အောင်မြင်စွာ ပြုလုပ်နိုင်ရန်။

— တယ်လီဖုန်း ခေါ်ဆိုခြင်း၊ ဖြေကြားခြင်း နည်းဗျူဟာများနှင့် အသုံးများသော ဝေါဟာရများကို အသုံးပြုတတ်ရန်၊

— Presentation Skills ကောင်းမွန်စေရန်၊

— အစည်းအဝေး မှတ်တမ်းများကို စနစ်တကျ ရေးသားတတ်ရန်၊

— အင်တာဗျူးဖြေဆိုရာမှာ မိမိကိုယ်ကို ယုံကြည်မှု ပိုမိုရှိစေရန်

ဘာတွေ သင်ယူလေ့လာနိုင်မှာလဲ?

—————————————–

သင်တန်းကာလအတွင်း အောက်ပါသင်ခန်းစာတွေကို သင်ယူလေ့လာနိုင်မှာဖြစ်ပါတယ်။

Writing – Business Letter / Email, Meeting report, Meeting minute, Memo writing and Note taking

Reading – Business articles and Paraphrasing

Speaking – Interview, Phone conversation, Creating small talks

Listening – Business Talks, Effective meetings, Panel discussion

Grammar usage, Idioms, Phrasal verbs & Sentence structures များနှင့် Communication Strategies များကိုပါ လိုအပ်ချိန်များတွင် ထည့်သွင်း သင်ကြားသွားမှာ ဖြစ်ပါတယ်။

UK နိုင်ငံ အသိအမှတ်ပြု ABE သင်ရိုးနှင့် သင်ကြားပေးမှာဖြစ်ပြီး ABE Certificate လည်းရရှိနိုင်မှာ ဖြစ်ပါတယ်။

Curriculum is empty

Instructor

ဆရာမိုရ်လွင်သည် Peak Point Group ကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သူနှင့် မန်နေဂျင်းဒါရိုက်တာ တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ဘွဲ့ရလူငယ်များနှင့် လုပ်ငန်းခွင်ဝင်နေသူများအတွက် စီမံခန့်ခွဲမှုဘာသာရပ်များ၊ သက်မွေးဝမ်းကျောင်းမှုပညာများနှင့် အင်္ဂလိပ်စာ ဘာသာစကားကို သင်ကြားပို့ချနေသော Peak Point Academy ကို စတင်ဖွင့်လှစ်ခဲ့သူ ဖြစ်သည်။ စီမံခန့်ခွဲရေးဆိုင်ရာ မဟာဘွဲ့သင်တန်းများအတွက် သမဝါယမတက္ကသိုလ်အပါအဝင် အခြားတက္ကသိုလ်များတွင် Senior Lecturer အဖြစ်လည်းကောင်း၊ Visiting Lecturer အဖြစ်လည်းကောင်း သင်ကြားပို့ချပေးလျက်ရှိသည်။ ဆရာမိုရ်လွင်သည် သြစတြေးလျနိုင်ငံမှ Masters of Business Information Systems မဟာဘွဲ့ (MBIS.Aus) ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပြီး အွန်လိုင်းပေါ်မှ တစ်ဆင့် ခရီးသွားဝန်ဆောင်မှုများ ပေးနေသော MoreMyanmar ကိုလည်း စတင်တည်ထောင်သူဖြစ်သည်။ ထို့ပြင် အွန်လိုင်း သင်ကြားရေး စနစ်များကိုလည်း ဦးဆောင်ဖန်တီးလုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်သည်။ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများအတွက် Consultant အကြံဉာဏ်ပေးခြင်းများ ပြုလုပ်ပေးနေသူတစ်ဦးဖြစ်ပြီး British Council မှ ပြုလုပ်သော Social Enterprise လှုပ်ရှားမှုများတွင်လည်း တက်ကြွစွာပါဝင်ခဲ့သူဖြစ်သည်။ Standard Chartered Bank နှင့် British Council တို့ပူးပေါင်းပြီး မြန်မာပြည်အနှံ့တွင် စွန့်ဦးတီထွင်သူများနှင့် အသေးစားအလတ်စား ငွေကြေးစီမံခံခွဲမှုဘာသာရပ်ကို ပို့ချပေးရာတွင်လည်း ပါဝင်ခဲ့သည်။ လက်ရှိတွင် Social Enterprise Development Association Myanmar (SeDAM)တွင် ဒုတိယဥက္ကဌအဖြစ် တာဝန်ယူထားပြီး Ahmadiyya Community တွင်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အတွင်းရေးမှူးနှင့် လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သည်။
150,000.00 K