Cambridge English Course
Course Forum: Cambridge English Course
– သင်က လုပ်ငန်းခွင်မှာ အင်္ဂလိပ်စာ အသံထွက်မှန်မှန်ကန်ကန်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိ ပြောဆိုချင်သူတစ်ဦးလား။
– လစာမြင့်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ အလုပ်လုပ်ကိုင်ဖို့ ခြေလှမ်းနေသူ တစ်ဦးလား။
– လုပ်ငန်းခွင်တွင် အဆင့်မြင့်ဝါကျတွေကို သဒ္ဒါမှန်မှန်နဲ့ အင်္ဂလိပ်လို ရေးတတ်ဖို့ လေ့လာနေသူတစ်ဦးလား။
– လုပ်ငန်းခွင်မှာ အရည်အချင်းပြည့်ဝပေမယ့် အင်္ဂလိပ်စာဘာသာစကား အားနည်းချက်တစ်ခုတည်းကြောင့် အခွင့်အလမ်းကောင်းတွေကို လက်လွှတ်ခံနေရသူတစ်ဦးလား။
– စီးပွားရေး၊ ပညာရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတွေ၊ စကားဝိုင်းဆွေးနွေးပွဲတွေကို နားထောင်ဖို့အပြင် ဝင်ရောက်ဆွေးနွေးနိုင်ဖို့ ကြိုးစားနေသူတစ်ဦးလား။
ဒါဆို Peak Point Academy မှာ ဖွင့်လှစ်ထားတဲ့ General English Course အတန်းကိုတက်ဖို့ အကြံပေးလိုက်ပါရစေ။
Elementary, Pre Intermediate, Intermediate, Upper Intermediate, Advance Level ဆိုပြီး Level (5) ခု ခွဲထားပြီး သင်တန်းတတ်သူများက Placement Test ဖြေဆိုပြီး မိမိနှင့်ကိုက်ညီသည့် level အလိုက် အတန်းများကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
အတန်းတစ်တန်းတွင် ၈ ယောက်သာ လက်ခံမှာ ဖြစ်တာကြောင့် အမြန်စာရင်းသွင်းဖို့တော့ လိုပါတယ်။ တစ်ယောက်ချင်းစီဖြစ်ဖြစ်၊ ၅ ယောက်တစ်ဝိုင်းဖြစ်ဖြစ် ညှိနှိုင်းတက်ရောက်လို့လည်း ရပါတယ်။
ရုံးဝန်ထမ်းများ အတွက် မိမိနှစ်သက်ရာ အချိန်ကို ရွေးချယ်တတ်ရောက်နိုင်ရန်လည်း စီစဉ်ပေးထားတဲ့ သင်တန်းတွေလည်း ရှိပါသေးတယ်။
Cambridge Course ဖြင့် နိုင်ငံတကာအသိအမှတ်ပြု TEFL, CISEL, TESOL လက်မှတ်ရ အရည်အချင်းပြည့်ဝတဲ့ ဆရာ၊ဆရာမများမှ တာဝန်ယူသင်ကြားပေးမှာဖြစ်ပါတယ်။
သင်တန်းကာလ ၃ လ အတွင်းမှာ နေ့စဉ် ထိတွေ့သုံးနှုန်းနေသောအကြောင်းအရာများကို ပေါ့ပေါ့ပါးပါးဖြင့် တစ်ဦးချင်းပြောဆိုဆွေးနွေးစေပြီး ယုံကြည်မှုရှိရှိ အင်္ဂလိပ်ဘာသာစကား ပြောဆိုရေးသားနိုင်စေရန် လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။
——————————————
အသေးစိတ်သိရှိလိုပါက Hot Line – 09778900025 သို့
ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
လိပ်စာကတော့
အခန်းနံပါတ် ၄၀၉ ၊ နံပါတ် ၁၇၀ – ၁၇၆ ၊ MGW Center,
ဗိုလ်အောင်ကျော်လမ်း၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။