Call Now09 77 89000 24/5

Send Messagehello@peakpointacademy.com

Our LocationNo - 170/176, Room - 409, MGW Center

Course Features

Lectures 0
Quizzes 0
Duration 8 week
Students 20
YADANAR

Teacher:YADANAR

Enrolled: 1 student

Course Time:8 week

150,000.00 K

Creative Writing Course

1 student

အလုပ်လျှောက်တဲ့အခါဖြစ်စေ၊ ပညာသင်ဆုတွေလျှောက်တဲ့အခါဖြစ်စေ ကျွန်တော်တို့ရဲ့ အကြောင်းတွေကို ဖော်ပြပြောဆိုဖို့ရာ မဖြစ်မနေ စာရေးသားရပါတယ်။

လုပ်ငန်းခွင်မှာ အကြံပြုချင်တဲ့အခါ ဖြစ်စေ၊ စီမံကိန်းအသစ်တစ်ခုကို အကောင်အထည်ဖော်ဖို့ တင်ပြချင်တဲ့အခါဖြစ်စေ ကိုယ့်ရဲ့အတွေးအမြင်၊ ထင်မြင်ယူဆချက်တွေကို စာရေးသားပြောဆိုရမှာပဲ ဖြစ်ပါတယ်။

ကိုယ့်မှာ အတွေးအမြင်ကောင်းတွေ ရှိနေပေမယ့် ကိုယ့်အတွေးအမြင်တွေကို ပီပီပြင်ပြင် ပုံပေါ်အောင် ရေးသားဖို့ ခက်ခဲနေတယ်၊ နည်းစနစ်ကျတဲ့ ရှင်းလင်းတဲ့ စာရေးသားနည်းတွေကို လေ့လာနေသူတစ်ဦးဆိုရင်တော့ Peak Point Academy ရဲ့ Creative Writing Class က သင့်အတွက်ပါပဲ။

စာရေးနည်း၊ တွေးနည်းတွေကို တစ်နေရာထဲမှာ အလွယ်တကူ လေ့လာနိုင်မယ့်အပြင် အတွေးအခေါ် စွမ်းရည် တိုးတက်လာစေဖို့ ရွေးချယ်တက်ရောက်သင့်တဲ့ သင်တန်းလည်း ဖြစ်ပါတယ်။

စာဖတ်သူကို ဆွဲဆောင်နိုင်မယ်၊့ စာအရေးအသားကောင်းမွန်တဲ့ စာပေတွေဖြစ်စေဖို့ စာရေးသားနည်းတွေကို အလွယ်တကူလေ့လာနိုင်မှာ ဖြစ်တဲ့အပြင် နာမည်ကြီးစာရေးဆရာတွေရဲ့ စာတွေကို ဖတ်ရင်း သင်တန်းသူ၊ သင်တန်းသားတွေရဲ့ အမြင်တွေကို ဖလှယ်ပြီး ဆွေးနွေးသင်ကြားပေးမှာ ဖြစ်ပါတယ်။

Creative Writing ခေါ် တွေးတောကြံဆ စာရေးသားခြင်းကို လေ့ကျင့်ပေးမှာဖြစ်ပြီး သင်တန်းမှာ Creative Fiction Writing နှင့် Creative Non-fiction Writing နှစ်မျိုးစလုံးကို သင်ကြားပေးမှာ ဖြစ်ပါတယ်။

သင်တန်းမှာ လူဦးရေ ၁၂ ဦးသာ ကန့်သတ်ထားပြီး ကျောင်းသားများ စာအရေးအသားစွမ်းရည် တိုးတက်လာစေဖို့ သင်တန်းသားတစ်ဦးချင်းစီကို အကြံပြုချက်များလည်း ပေးသွားမှာ ဖြစ်ပါတယ်။

Creative Writing Class မှာ အောက်ပါအကြောင်းအရာတွေကို အရေးအသားဆိုင်ရာပုံစံတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

  •  Report Writing
  • Review Writing
  • Profile Writing
  •  Script Writing
  •  Features Writing
  •  News Writing
  •  Story Writing
  •  Novel Writing
  •  Comic Writing

————————————–

ဖုန်းနံပါတ် 01 – 249 607, 09- 77 89000 24 ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🏡 🏡လိပ်စာကတော့ အမှတ် (170/ 176)၊ ဗိုလ်အောင်ကျော်လမ်း၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြား၊ MGW Center ၊ အခန်းနံပါတ် (409) ဖြစ်ပါတယ် 👩 👩

 

Curriculum is empty

Instructor

Peak Point Academy ၏ Academic Manager အဖြစ် တာဝန်ယူထားပြီး ဘာသာပြန်သင်တန်းများနှင့် စာရေးသားနည်းသင်တန်းများကို ပို့ချသင်ကြားပေးနေသူ ဆရာမတစ်ဦးလည်း ဖြစ်ပါတယ်။ ဆရာမရတနာသည် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း၏ ရန်ကုန်တိုင်းဒေသကြီးအတွက် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံဘာသာပြန်စာပေကွန်ရက်တွင်လည်း ပြန်ကြားရေးတာဝန်ခံတစ်ဦး ဖြစ်သည်။ YSEALI Fellowship ဖြင့် အမေရိကန်ပြည်ထောင်စု၊ University of Connecticut နှင့် UPeace Center for Executive Education မှ Entrepreneurship, Innovation and Social Change ဘာသာရပ်များကို လေ့လာခဲ့ပြီး တိုးတက်မှုလမ်းစရှာဖွေလိုသူလူငယ်များအတွက် အကြံပေးလမ်းညွှန်မှုများ ပေးသော POINT Youth Platform ကို စတင်တည်ထောင်ခဲ့သူလည်း ဖြစ်သည်။ သတင်းအတတ်ပညာ ဘာသာရပ်ကို မဟာဘွဲ့အထိ လေ့လာခဲ့ပြီး နော်ဝေနိုင်ငံ University of Oslo တွင် Peace Journalism နှင့် ဆွီဒင်နိုင်ငံ University of Orebro တွင် Conflict Sensitive Reporting များကိုလည်း လေ့လာခဲ့သူတစ်ဦးဖြစ်သည်။ Myanmar Times နေ့စဉ်ထုတ် အင်္ဂလိပ်သတင်းစာနှင့် အပတ်စဉ်ထုတ် မြန်မာသတင်းစာတွင် အကြီးတန်းသတင်းထောက်အဖြစ် စီးပွားရေးဆိုင်ရာသတင်းများကို ရေးသားခဲ့သူလည်း ဖြစ်သည်။ လက်ရှိတွင် လူငယ်များအတွက် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် ရွေးချယ်ခြင်းများနှင့် ပညာသင်ဆု လျှောက်ထားခြင်းများအတွက် ဆွေးနွေးပွဲများတွင်လည်း ပါဝင်ဟောပြောပေးနေသူတစ်ဦး ဖြစ်သည်။
150,000.00 K