Interpretation Technique Course
Interpretation Technique Course
———————————————————————
သင်က စကားပြန်တစ်ဦးအဖြစ် သက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်လိုပါသလား???
စကားပြန်အလုပ်အကိုင်ကို Career တစ်ခုအနေနဲ့ သက်မွေးဝမ်းကျောင်းလိုသူဆိုရင်တော့ Interpretation Technique Course သင်တန်းက သင့်ကို ပရော်ဖက်ရှင်နယ် စကားပြန်တစ်ဦးဖြစ်ဖို့ သိသင့်သိထိုက်တဲ့ ကျင့်ဝတ်တွေနဲ့ အတွေ့အကြုံတွေကို အထူးလေ့ကျင့်သင်ကြား ပေးသွားမှာ ဖြစ်ပါတယ်။
၂၁ ရာစုမှာ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ကမ္ဘာကြီးက ရွာဖြစ်ပြီး နိုင်ငံအချင်းချင်းကြား ကူးလူးဆက်သွယ်မှုတွေ ပိုမိုများပြားနေတဲ့ ယခုလိုအချိန်အခါမှာ စကားပြန်အလုပ်အကိုင်က အခွင့်အလမ်းတွေ ပိုမိုများပြားလာပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုများပြားလာပြီး စကားပြန်အခန်းကဏ္ဍဍက တနေ့တခြား ပိုမို အရေးပါလာပါတယ်။နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့ စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတွေ၊ ညီလာခံတွေ၊ အစည်းအဝေး ခန်းမတွေမှာ သက်ဆိုင်ရာဘာသာစကားတွေကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုဆက်သွယ်ပေးမယ့် စကားပြန်တွေ မဖြစ်မနေ လိုအပ်ပါတယ်။
အလုပ်အကိုင် အခွင့်အလမ်းတွေ များပြားပေမယ့် အရည်အချင်းပြည့်ဝတဲ့ စကားပြန်တစ်ဦးအနေနဲ့ ရပ်တည်ဖို့က မလွယ်ကူပါဘူး။ဘာသာစကား နှစ်ခုလုံးမှာ ကျွမ်းကျင်ရမယ့်အပြင် Communication Skills ကောင်းဖို့၊ Public Speaking ပိုင်နိုင်ဖို့တွေအပြင် စိန်ခေါ်မှုတွေကို လျင်မြန်စွာ ဖြေရှင်းနိုင်ဖို့လည်း လိုအပ်ပါတယ်။
နေ့စဉ် မရိုးနိုင်တဲ့ စိန်ခေါ်မှုတွေရှိမယ့်၊ မိတ်ဆွေအသစ်တွေ ရရှိနိုင်မယ့်၊ အချိန်ပိုင်းသာ အလုပ်လုပ်ကိုင်ရပေမယ့် ဝင်ငွေများတဲ့၊ စတဲ့ ကောင်းကျိုးတွေအများကြီးရှိတဲ့ စကားပြန်အလုပ်ကို သက်မွေးဝမ်းကျောင်းအလုပ်အနေနဲ့ ပရော်ဖက်ရှင်နယ် လုပ်ကိုင်လိူသူဆိုရင်တော့ ဒီသင်တန်းကို တက်ရောက်ဖို့ အကြံပေးလိုက်ပါရစေ။
တစ်ဦးချင်းစီကို သေချာစွာ လေ့ကျင့်သင်ကြားပေးနိုင်စေဖို့ တန်းခွဲတစ်ခုကို လူဦးရေ (၈) ဦးခန့်သာ ကန့်သတ်ထားပါတယ်။ဒါ့အပြင် သင်တန်းကာ လ (၂) လ ပြီးဆုံးသွားရင်လည်း တက်ရောက်သူများ၏ ကြိုးစားမှုအပေါ် မူတည်ပြီး သင့်တော်ရာ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ချိတ်ဆက်ပေးသွားမှာမို့ Interpreter တစ်ယောက်ဖြစ်ဖို့ တုံ့စိုင်းစဉ်းစားမနေဘဲ အခုပဲ Peak Point Academy မှာသင့်ရဲ့ အိပ်မက် တွေကိုအကောင်အထည်ဖော်လိုက်ပါ။
—————————————————-
သင်တန်းအပ်နှံခြင်း နှင့် အသေးစိတ်စုံစမ်းလိုပါက..
PEAK POINT Academy
အမှတ် (၁၇၀/၁၇၆)၊ အခန်းနံပါတ် (၄၀၉)၊ MGW Center ၊
ဗိုလ်အောင်ကျော်လမ်း၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြား၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
☎ ☎ ☎ဖုန်း – 01 – 249 607 , 09- 77 89000 24 သို့တိုက်ရိုက် ဆက်သွယ်မေးမြန်း နိုင်ပါသည်။