Date/Time
Date(s) - 31/12/2018
2:00 pm - 4:30 pm
Location
Yangon Book Plaza
Categories No Categories
အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ ဖြစ်တဲ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံဘာသာပြန်ကွန်ရက် နဲ့ Peak Point Academy တို့ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ဘာသာပြန်နေ့ ဟောပြောဆွေးနွေးပွဲအခမ်းအနားကို ကျင်းပမှာ ဖြစ်ပါတယ်။
အဆိုပါအခမ်းအနားမှာ အတွေ့အကြုံရှိ ဝါရင့်ဘာသာပြန်ဆရာတွေက ဘာသာပြန်ဝါသနာရှင်များနဲ့ ဘာသာပြန်တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသူတွေအတွက် သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို ဟောပြောဆွေးနွေးပေးမှာ ဖြစ်ပါတယ်။
အခမ်းအနားကို စကားဝိုင်းဆွေးနွေးပွဲများဖြင့် စက်တင်ဘာလ ၃၀ ရက်၊ တနင်္ဂနွေနေ့ နေ့လည် ၁ နာရီမှ ၄ နာရီခွဲအထိ Yangon Book Plaza မှာ ကျင်းပသွားမှာပါ။
ဆွေးနွေးပွဲ ပထမပိုင်းအဖြစ် ခေတ်ဟောင်းခေတ်သစ် ဘာသာပြန်အရွေ့ခေါင်းစဉ်ဖြင့် စာရေးဆရာနဲ့ ဘာသာပြန်ဆရာ ဟိန်းလတ်၊ သင့်လူ၊ ပန်ဒိုရာနဲ့ ရတနာ တို့က နေ့လည် ၁ နာရီမှ ၂ နာရီခွဲအထိ ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။
ဒုတိယအပိုင်းအနေနဲ့ မျိုးဆက်သစ်ဘာသာပြန်ဆရာများ ထွက်ပေါ်လာရေးနဲ့ ဘာသာပြန်ဈေးကွက်ခေါင်းစဉ်ဖြင့် စာရေးဆရာနဲ့ ဘာသာပြန်ဆရာ ဒေါက်တာ ခင်မောင်ညို၊ မျိုးတေဇာမောင်၊ ဒီနိုဗို၊ မိုးဆက်ဟန်နဲ့ မိုရ်လွင်တို့က နေ့လည် ၃ နာရီမှ ၄ နာရီခွဲအထိ စကားဝိုင်းဆွေးနွေးမှာပါ။
ဝါရင့်ဘာသာပြန်ဆရာတွေက သူတို့ရဲ့ ဘာသာပြန်အတွေ့အကြုံများကို မျှဝေတာအပြင် ဘာသာပြန်ဝါသနာရှင်များက သိလိုရာတွေကိုလည်း မေးမြန်းခွင့်ရရှိမှာ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့အခမ်းအနားကလည်း Yangon Book Plaza မှာပဲ ဆိုတော့ ဟောပြောဆွေးနွေးပွဲတွေ နားထောင်နိုင်တဲ့အပြင် ဘာသာပြန်စာအုပ်တွေကိုလည်း အလွယ်တကူ ဖတ်ရှုကာ ဝယ်ယူနိုင်ပါတယ်။
ဒါ့အပြင် ဘာသာပြန်နေ့ အခမ်းအနား တက်ရောက်သူတွေကို Peak Point Academy က ဘာသာပြန်သင်တန်းတွေနဲ့ စကားပြန်သင်တန်းတွေကို တက်ရောက်နိုင်မယ့် Gift Voucher တွေကိုလည်း ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအခမဲ့ ဆွေးနွေးဟောပြောပွဲက လူဦးရေ (၈၀)ပဲ ကန့်သတ်ထားပြီး တက်ရောက်လိုသူတွေက အောက်ပါလင့်မှာ ကြိုတင်စာရင်းပေးသွင်းဖို့ လိုပါတယ်။
https://goo.gl/Dbbshj
Peak Point Academy ရဲ့ ရုံးဖုန်းနံပါတ် ၀၁ ၂၄၉၆၀၇ ကိုလည်း ဆက်သွယ် စုံစမ်းနိုင်ပါတယ်။