Date/Time
Date(s) - 23/02/2019 - 24/02/2019
2:00 pm - 6:00 pm
Location
Peak Point Academy
Categories No Categories
လုပ်ငန်းခွင်သုံး Email, Letter နှင့် Report ရေးသားနည်းများကို အချိန်တိုအတွင်း နားလည်မှုလွယ်ကူစေရန် လက်တွေ့ဆန်သော သင်ကြားနည်းစနစ်များဖြင့် သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။
လုပ်ငန်းခွင်မှာ မတူညီတဲ့ဌာနတွေကို ဆက်သွယ်ဖို့ မတူညီတဲ့ Business Letter ရေးသားနည်းတွေကို သိရှိထားဖို့ လိုအပ်ပါတယ်။
လုပ်ငန်းခွင် ကွဲပြားတဲ့အပေါ် ရေးသားရတဲ့ အသုံးအနှုန်းကလည်း မတူညီနိုင်ပါဘူး။ မိမိရေးသားပို့ပေးမည့် စာကို တစ်ဖက်လူ နားလည်အောင် လိုရင်းနဲ့ ထိထိမိမိ အချိန်တိုအတွင်း ရေးသားနိုင်ဖို့ လိုအပ်ပါတယ်။
ဘယ်သူတွေ တက်ရောက်သင့်လဲ?
– လုပ်ငန်းခွင်တွင် နေ့စဉ် ရုံးတွင်း/ပြင်၊ အီးမေးလ်ရေးသားနေရသူများ နှင့် meeting မှတ်တမ်းများနှင့် report များရေးသားနေရသူများ။
သင်တန်းကျင်းပမည့် နေ့ရက်နဲ့ အချိန်က ဘယ်တော့လဲ?
– 23 & 24 ဖေဖော်ဝါရီလ၊ ၂၀၁၉။ (စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်)
– နေ့လည် ၂နာရီမှ ၆နာရီ
တက်ရောက်သူတွေအနေနဲ့ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ?
– လုပ်ငန်းခွင်သုံး E-mail, Letter နှင့် Report တစ်စောင်ကို စည်းစနစ်မှန်ကန်စွာ ရေးသားတတ်စေရန်၊
– အချိန်တိုအတွင်း တည်ဆောက်ပုံ မှန်ကန်စွာ ရေးသားတတ်စေရန်၊
– ကိုယ့် Email/ Letter နှင့် Report ကိုစဖတ်ချိန်အစကတည်းက စာဖတ်သူကို ဆွဲဆောင်နိုင်အောင် ရေးသားနည်းများ၊
– Business letter ရေးသားနည်း ကို ကျွမ်းကျင်စွာ ရေးသားနိုင်ရန် မတူညီတဲ့ format မျိုးစုံကို ရေးသားလေ့ကျင့်ရမှာဖြစ်ပြီး exercise များစွာကို ကိုယ်တိုင်ရေးသားရမှာဖြစ်ပါတယ်
– ဆရာမှ တစ်ဦးချင်းစီရဲ့ အရေးအသားကို စီစစ်ပြီး အမှားအမှန်ကို သုံးသပ်ပေးမည့်အပြင် မိမိမရှင်းလင်းသည့် အရာများကို မေးမြန်းပြီး မိသားစု သဖွယ် သင်ကြားရမှာ ဖြစ်ပါတယ်
– အမှုမဲ့၊အမှတ်မဲ့ အမှားများမှ ရှောင်ကြည့်နိုင်မည့် နည်းလမ်းများ၊
– အရေးအကြီးဆုံးအချက်ကို ရွေးချယ်ကာ ဦးစားပေးရေးသားနည်းများ၊
– ရှင်းလင်းတိကျသော ဝါကျဖွဲ့စည်းတည်ဆောက်ပုံများ၊
– အသုံးမပြုသင့်သော ဗန်းစကားနှင့် ခေတ်စကားများကို သိရှိစေရန်၊
– အရေးကြီးသော Grammar နှင့် Punctuation ကို မှန်ကန်စွာအသုံးပြုနည်း တို့ကို ရှင်းလင်းသင်ကြားပေးသွားမှာ ဖြစ်ပြီး သင်တန်းချိန်စုစုပေါင်း (၈) နာရီ ကြာမြင့်မှာ ဖြစ်ပါတယ်။ References များကို soft copy များ၊ hard copy များဖြင့်လည်း သင်တန်းသားများကို ဝေမျှပေးမှာ ဖြစ်ပါတယ်။
ဘယ်သူ သင်ကြားပို့ချမှာလဲ?
U Mo Lwin MBIS (Aus), B.Sc (Hons) BIT, B.A English
Managing Director of Peak Point Group
Fees – 120,000 MMK
Bookings are closed for this event.