Date/Time
Date(s) - 30/03/2019 - 31/03/2019
8:30 am - 11:00 am
Location
Peak Point Academy
Categories No Categories
သင့်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအတွက် ကိုယ်ပိုင် Website တစ်ခု ရှိပြီးပါပြီလား။
သင့်ရဲ့ ပထမဦးဆုံး ကိုယ်ပိုင် Website တစ်ခုကို ဘယ်လိုဖန်တီးတည်ဆောက်မယ်ဆိုတာနဲ့ အပိုဝင်ငွေ ရရှိအောင် ဘယ်လိုရှာဖွေမယ် ဆိုတာကို ဒီWorkshop မှာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။
နည်းပညာနှင့် ဈေးကွက်ချဲ့ထွင်ခြင်းများတွင် နိုင်ငံတကာ အတွေ့အကြုံ ရှိသူ ဖြစ်ပြီး Honourable Judge of Singapore Website Awards လည်းဖြစ်သူ ဆရာ Mr.Paul Lim သင်ကြားပေးမှာ ဖြစ်ပါတယ်။
သင်တန်းချိန်အတွင်း ဆရာနဲ့အတူ သင့်လုပ်ငန်းအတွက် စိတ်ကြိုက် Website တစ်ခုကို ဖန်တီးနိုင်ဖို့ တစ်ဆင့်ချင်းဆီ ရှင်းပြပေးမှာဖြစ်ပြီး နည်းပညာအကူအညီများကိုလည်း ရရှိမှာ ဖြစ်ပါတယ်။
သင်တန်းမှာ အောက်ပါ အချက်အလက်များကို လေ့လာနိုင်မည် ဖြစ်ပါတယ်။
– ကိုယ်ပိုင် Website တစ်ခု ဘယ်လိုဖန်တီးမလဲ။
– သင့်Websiteမှ တစ်ဆင့် အပိုဝင်ငွေ ဘယ်လိုရှာဖွေမလဲ။
– Website Builder အသုံးပြုပြီး Web page တစ်ခု ဘယ်လို ဖန်တီးမလဲ။
– ကွန်ပျူတာ၊ ဖုန်း၊ တက်ဘလက် စတဲ့ Devices အမျိုးမျိုးကနေ အလွယ်တကူ ကြည့်ရှုနိုင်တဲ့ Website တစ်ခုအဖြစ် ဖန်တီးနိုင်မယ့် နည်းဗျူဟာများ။
– ပိုက်ဆံမသုံးဘဲ Website ကို ဘယ်လို promote လုပ်မလဲ။
သင်တန်းပြီးဆုံးပါကလည်း သင်တန်းဆရာ Mr.Paul Lim ထံမှ သင် Workshop မှာ ဖန်တီးခဲ့တဲ့ Website နဲ့ ပတ်သက်တဲ့ နည်းပညာ အကူအညီများကို ရရှိနိုင်မှာ ဖြစ်ပါတယ်။