Date/Time
Date(s) - 23/03/2019
4:30 pm - 6:00 pm
Location
Peak Point Academy
Categories No Categories
နိုင်ငံတကာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုများပြားလာတဲ့ မြန်မာနိုင်ငံမှာ စကားပြန်အခန်းကဏ္ဍက တနေ့တခြား ပိုမို အရေးပါလာပါတယ်။
နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့ စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတွေ၊ ညီလာခံတွေ၊ အစည်းအဝေးခန်းမတွေမှာ သက်ဆိုင်ရာဘာသာစကားတွေကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုဆက်သွယ်ပေးမယ့် စကားပြန်တွေ မဖြစ်မနေ လိုအပ်ပါတယ်။
စကားပြန်အလုပ်အကိုင်အခွင့်အလမ်းအတွက် ဈေးကွက်လိုအပ်ချက် များပြားနေပေမယ့် အရည်အချင်း ပြည့်ဝတဲ့စကားပြန်တစ်ဦးအဖြစ် ရပ်တည်ဖို့ မလွယ်ကူလှပါဘူး။ စကားပြန်တစ်ဦးအတွက် အင်္ဂလိပ်စာဘာသာစကား ကောင်းမွန်ရုံသာမက မိခင်ဘာသာစကားကိုလည်း အထူးကျွမ်းကျင်ရန် လိုအပ်လှပါတယ်။
စကားပြန်နဲ့ အသက်မွေးဝမ်းကျောင်းလိုသူတွေအတွက် သိသင့်သိထိုက်တာတွေကို စကားပြန် နှင့် Tourist Guide နယ်ပယ်တွင် နှစ်ပေါင်း ၂၅ နှစ်ကျော် အတွေ့အကြုံရှိသူ ဆရာ တင်အောင်မိုးက ဟောပြော ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။
လူဦးရေ ၃၀ သာ ကန့်သတ်ထားတဲ့ ဒီ Workshop လေးကို အခမဲ့ တက်ရောက်နိုင်ပေးမယ့် အောက်ပါ Link မှာ (http://bit.do/peakpointacademy ) Register လုပ်ဖို့တော့ မဖြစ်မနေ လိုအပ်ပါတယ်။