Date/Time
Date(s) - 09/03/2019
10:00 am - 1:00 pm
Location
Peak Point Academy
Categories No Categories
အလွတ်တန်းပညာရှင်မိတ်ဆွေများအတွက် မိမိရဲ့ အရည်အချင်းကို တိုင်းတာစစ်ဆေးနိုင်ရန်နှင့် ချိတ်ဆက်မှ ဘာသာပြန်အလွတ်တန်းအလုပ်များကို
ပိုမိုရရှိနိုင်ဖို့အတွက် အရင်ကလဲ Skill Test များကို စီစဉ်ပေးခဲ့ပါတယ်။
အခုဆိုရင်လည်း ယခင်ကကျင်းပပြီးသော ဘာသာပြန်အရည်အချင်းစစ်စာမေးပွဲကို
ချိတ်ဆက်ရဲ့ မိတ်ဖက်သင်တန်းကျောင်းဖြစ်တဲ့ Peak Point Academyနှင့် ပူးပေါင်းပြီး မတ်လအတွင်းမှာ ထပ်မံကျင်းပပေးသွားမှာ ဖြစ်ပါတယ်။
ဒီskill testဟာ ဘာသာပြန်လုပ်ငန်းကို ကျွမ်းကျင်အဆင့်ပညာရှင်တစ်ယောက်အနေနဲ့ လုပ်ကိုင်လိုသူများအတွက်
ဘာသာပြန်အရည်အချင်းကိုအတိအကျစစ်ဆေးပေးပြီးတော့ စစ်မှန်တဲ့ရလဒ်အတိုင်းထောက်ခံချက်ပေးနိုင်မှာဖြစ်တဲ့အတွက်ကြောင့်
နောက်ပိုင်းမှာ ချိတ်ဆက်တွင် အလွတ်တန်းအလုပ်အကိုင်များကို ပိုမိုရရှိနိုင်စေမှာပါ။
Peak Point Academy ဟာဆိုရင် ဘာသာပြန်ပညာရှင်အမြောက်အမြားကိုမွေးထုတ်ပေးရာကျောင်းတစ်ကျောင်းဖြစ်တာကြောင့်
အလွတ်တန်းပညာရှင်များအတွက် တကယ့်ကိုကောင်းမွန်ပြီးတော့
အကျိုးများစွာရရှိစေနိုင်မယ့် အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။
မိတ်ဆွေရဲ့အရည်အချင်းကိုတိကျစွာ စစ်ဆေးပေးမှာဖြစ်ပြီးတော့ အောင်မြင်ကြောင်းထောက်ခံချက်ပါထုတ်ပေးသွားမှာဖြစ်ပါတယ်ရှင့်။
ယခုပြုလုပ်မယ့် အရည်အချင်းစစ်စာမေးပွဲကို အောက်ပါအတိုင်း နှစ်မျိုးခွဲပြီးကျင်းပသွားမှာပါ။
၁။ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာကိုပြန်ဆိုခြင်း – ၁၅၀ဝ၀ကျပ်
၂။ မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာကိုပြန်ဆိုခြင်း – ၁၉၀ဝ၀ကျပ်
အောက်ဖော်ပြပါ အချိန် (၃)ချိန်တွင် မိတ်ဆွေအဆင်ပြေတဲ့ အချိန်ကို ရွေးချယ်၍ လာရောက်ဖြေဆိုနိုင်ပါတယ်။
ပထမအချိန် – ၁၀း၃၀ – ၁၁းဝ၀
ဒုတိယအချိန် – ၁၁း၃၀ – ၁၂းဝ၀
တတိယအချိန် – ၁၂း၃၀ – ၁၃းဝ၀
ကျင်းပမယ့်နေ့ရက်နဲ့နေရာလေးကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
နေ့ရက် – ၂၀၁၉၊ မတ်လ (၉)ရက်နေ့ (စနေနေ့)
။
နေရာ – Peak Point Academy၊ အခန်းနံပါတ် (၄၀၉)၊ ၁၇၀/၁၇၆ (MGW စင်တာ)၊ ဗိုလ်အောင်ကျော်လမ်း။