Call Now
09 77 89000 24/5
Send Message
hello@peakpointacademy.com
Our Location
No - 170/176, Room - 409, MGW Center
Home
Our Teachers
Courses
Events
Blog
About us
Contact
FAQ
Profile
Home
Profile
By:
Admin
Profile
MO LWIN
Dashboard
ဆရာမိုရ်လွင်သည် Peak Point Group ကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သူနှင့် မန်နေဂျင်းဒါရိုက်တာ တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ဘွဲ့ရလူငယ်များနှင့် လုပ်ငန်းခွင်ဝင်နေသူများအတွက် စီမံခန့်ခွဲမှုဘာသာရပ်များ၊ သက်မွေးဝမ်းကျောင်းမှုပညာများနှင့် အင်္ဂလိပ်စာ ဘာသာစကားကို သင်ကြားပို့ချနေသော Peak Point Academy ကို စတင်ဖွင့်လှစ်ခဲ့သူ ဖြစ်သည်။ စီမံခန့်ခွဲရေးဆိုင်ရာ မဟာဘွဲ့သင်တန်းများအတွက် သမဝါယမတက္ကသိုလ်အပါအဝင် အခြားတက္ကသိုလ်များတွင် Senior Lecturer အဖြစ်လည်းကောင်း၊ Visiting Lecturer အဖြစ်လည်းကောင်း သင်ကြားပို့ချပေးလျက်ရှိသည်။ ဆရာမိုရ်လွင်သည် သြစတြေးလျနိုင်ငံမှ Masters of Business Information Systems မဟာဘွဲ့ (MBIS.Aus) ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပြီး အွန်လိုင်းပေါ်မှ တစ်ဆင့် ခရီးသွားဝန်ဆောင်မှုများ ပေးနေသော MoreMyanmar ကိုလည်း စတင်တည်ထောင်သူဖြစ်သည်။ ထို့ပြင် အွန်လိုင်း သင်ကြားရေး စနစ်များကိုလည်း ဦးဆောင်ဖန်တီးလုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်သည်။ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများအတွက် Consultant အကြံဉာဏ်ပေးခြင်းများ ပြုလုပ်ပေးနေသူတစ်ဦးဖြစ်ပြီး British Council မှ ပြုလုပ်သော Social Enterprise လှုပ်ရှားမှုများတွင်လည်း တက်ကြွစွာပါဝင်ခဲ့သူဖြစ်သည်။ Standard Chartered Bank နှင့် British Council တို့ပူးပေါင်းပြီး မြန်မာပြည်အနှံ့တွင် စွန့်ဦးတီထွင်သူများနှင့် အသေးစားအလတ်စား ငွေကြေးစီမံခံခွဲမှုဘာသာရပ်ကို ပို့ချပေးရာတွင်လည်း ပါဝင်ခဲ့သည်။ လက်ရှိတွင် Social Enterprise Development Association Myanmar (SeDAM)တွင် ဒုတိယဥက္ကဌအဖြစ် တာဝန်ယူထားပြီး Ahmadiyya Community တွင်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အတွင်းရေးမှူးနှင့် လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သည်။
Post navigation
About Us
Activity