Advisor
Peak Point Academy ၏ အကြံပေးတစ်ဦးဖြစ်ပြီး ဆရာ့၏ ဘာသာပြန်ဗဟုသုတများကို ဝေမျှဟောပြောပေးလျက် ရှိသည်။ ဆရာဦးဟိန်းလတ်သည် ဘာသာပြန်နယ်ပယ်တွင် နှစ်ပေါင်း ၄၀ ကျော် အတွေ့အကြုံရှိပြီး ဘာသာပြန်စာအုပ်ပေါင်း ၁၈၀ ကျော်ကို ထုတ်ဝေဖြန့်ချီထားသူတစ်ဦးဖြစ်သည်။ အမျိုးသားစာပေ ဘာသာပြန်ဆု၊ သုတစွယ်စုံ ဘာသာပြန်စာပေဆု၊ ထွန်းဖောင်ဒေးရှင်း စာပေဆု အပါအဝင် ဘာသာပြန်စာပေဆု ၇ ကြိမ် ရရှိခဲ့သူဖြစ်ကာ မြန်မာဘာသာပြန်စာပေကွန်ရက်၏ ဒုဥက္ကဌလည်း ဖြစ်သည်။ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း၏ ဒုဥက္ကဌ တစ်ဦး ဖြစ်သည့်အပြင် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်ဖောင်ဒေးရှင်း အတွက် တာဝန်ခံအဖြစ် ဆောင်ရွက်ပေးနေသူလည်း ဖြစ်သည်။ ဆရာကြီးက သြစတြေးလျနိုင်ငံ ကင်ဘာရာ တက္ကသိုလ်၊ အစ္စရေးနိုင်ငံ ဂိုလ်ဒါမေယာတက္ကသိုလ်၊ အိန္ဒိယနိုင်ငံ IMCC တက္ကသိုလ်၊ ထိုင်းနိုင်ငံ Amsar Universityများတွင် စာနယ်ဇင်းပညာကို သင်ယူခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သမဝါယမတက္ကသိုလ်တွင် အင်္ဂလိပ်စာ ဌာနမှူးအဖြစ် လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်တွင် Creative Writing ဘွဲ့လွန်သင်တန်း များတွင်လည်းကောင်း သင်ကြားပို့ချပေးလျက် ရှိပါတယ်။