လုပ်ငန်းခွင်ဆိုင်ရာ email, letter ရေးနည်းများကို အချိန်တိုအတွင်း နည်းစနစ်မှန်ကန်စွာ ရေးသားတတ်စေရန် လက်တွေ့ကျတဲ့ နည်းများနဲ့ သင်ကြားပေးမှာ ဖြစ်ပါတယ်။
ဘယ်သူတွေတက်သင့်လဲ ? ? ?
လုပ်ငန်းခွင်မှာ email , letter ရေးသားနေသူများ၊
Meeting minute နှင့် report များကို နည်းစနစ်မှန်စွာ ရေသားတတ်လိုသူများ၊
ရုံးဝန်ထမ်းများ၊ မန်နေဂျာနှင့်supervisor များCommunication Officer များအနေနဲ့ အလုပ်လုပ်ကိုင်နေသူများ၊
ဘာတွေသင်မှာလဲ ? ? ?
လုပ်ငန်းခွင်အတွင်း email , letter များကို အချိန်တိုအတွင်း ထိထိရောက်ရောက် ရေးသားတတ်စေဖို့ အဓိကထားသင်ကြားပေးမှာဖြစ်ပါတယ်။
လုပ်ငန်းခွင်အတွင်းစာရေးသားရာတွင် ဆောင်ရန်ရှောင်ရန် အချက်များကိုပါ ဝေမျှပေးမှာ ဖြစ်ပါတယ်။
တက်ရောက်သူတွေအနေနဲ့ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ? ? ?
– လုပ်ငန်းခွင်သုံး E-mail, Letter နှင့် Report တစ်စောင်ကို စည်းစနစ်မှန်ကန်စွာ ရေးသားတတ်စေရန်၊
– အချိန်တိုအတွင်း တည်ဆောက်ပုံ မှန်ကန်စွာ ရေးသားတတ်စေရန်၊
– ကိုယ့် Email/ Letter နှင့် Report ကိုစဖတ်ချိန်အစကတည်းက စာဖတ်သူကို ဆွဲဆောင်နိုင်အောင် ရေးသားနည်းများ၊
– Business letter ရေးသားနည်း ကို ကျွမ်းကျင်စွာ ရေးသားနိုင်ရန် မတူညီတဲ့ format မျိုးစုံကို ရေးသားလေ့ကျင့်ရမှာဖြစ်ပြီး exercise များစွာကို ကိုယ်တိုင်ရေးသားရမှာဖြစ်ပါတယ်။
– ဆရာမှ တစ်ဦးချင်းစီရဲ့ အရေးအသားကို စီစစ်ပြီး အမှားအမှန်ကို သုံးသပ်ပေးမည့်အပြင် မိမိမရှင်းလင်းသည့် အရာများကို မေးမြန်းပြီး မိသားစု သဖွယ် သင်ကြားရမှာ ဖြစ်ပါတယ်
– အမှုမဲ့၊အမှတ်မဲ့ အမှားများမှ ရှောင်ကြည့်နိုင်မည့် နည်းလမ်းများ၊
– အရေးအကြီးဆုံးအချက်ကို ရွေးချယ်ကာ ဦးစားပေးရေးသားနည်းများ၊
– ရှင်းလင်းတိကျသော ဝါကျဖွဲ့စည်းတည်ဆောက်ပုံများ၊
– အသုံးမပြုသင့်သော ဗန်းစကားနှင့် ခေတ်စကားများကို သိရှိစေရန်၊
– အရေးကြီးသော Grammar နှင့် Punctuation ကို မှန်ကန်စွာအသုံးပြုနည်း တို့ကို ရှင်းလင်းသင်ကြားပေးသွားမှာ ဖြစ်ပြီး သင်တန်းချိန်စုစုပေါင်း (၆) နာရီ ကြာမြင့်မှာ ဖြစ်ပါတယ်။
မတူညီတဲ့ အကြောင်းအရာများအတွက် ကွဲပြားတဲ့ format များနဲ့ မေးလ်ရေးသားနည်းများနဲ့ သက်ဆိုင်တဲ့ References များကို soft copy များ၊ hard copy များဖြင့်လည်း သင်တန်းသားများကို ဝေမျှပေးမှာ ဖြစ်ပါတယ်။
သင်ကြားပေးမယ့် ဆရာက ? ? ?
Business Letter & Email Writing Workshop ကို “ဆရာမိုရ်လွင်”ကိုယ်တိုင် သင်ကြားပေးမှာ ဖြစ်ပါတယ်။
ဆရာမိုရ်လွင်က သြစတေးလျနိုင်ငံမှာ စီးပွားရေးနှင့် နည်းပညာ မဟာဘွဲ့လွန် (MBIS) ကို သင်ယူခဲ့ပြီး Peak Point Groupကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။
အစိုးရတက္ကသိုလ်များနှင့် ပုဂ္ဂလိက ကောလိပ်များတွင် နည်းပညာနှင့် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများ သင်ကြားပို့ချနေသူတစ်ဦးလည်းဖြစ်ပါတယ်။
လက်ရှိမှာ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အသေးစား အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေးနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ အသီးသီးတွင် အကြံပေးအဖြစ် ဆောင်ရွက်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။
သင်တန်းနေ့ရက်နဲ့ အချိန်တွေကတော့ ? ? ?
Date : October 19th & 20th, 2019 (Sat & Sun )
Time : 2:30 PM to 5:30 PM
သင်တန်းကြေးတွေကတော့? ? ?
Fees — 50,000 MMK
Thidingyut Promotion — 50% (October 10th အတွင်း အပ်နှံသူများသာ)