ဘာသာပြန်ဝါသနာရှင်တွေ စောင့်မျှော်နေကြတဲ့ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့အခမ်းအနားကို လာမယ့် စက်တင်ဘာလ ၂၉ ရက်နေ့ မနက် ၉ နာရီခွဲကနေ ၁၂ နာရီထိ မြန်မာနိုင်ငံ ဘာသာပြန်စာပေကွန်ရက်နဲ့ Yangon Translation Society တို့ဖြင့် ပူးပေါင်းကာ Peak Point Academy က ဦးစီးကျင်းပမှာ ဖြစ်ပါတယ်။
ဘာသာပြန်ဆိုင်ရာ အသိပညာဗဟုသုတတွေကို ဝေမျှပေးသွားမယ့်အပြင် နာမည် ကျော်ဘာသာပြန်စာရေးဆရာတွေဖြစ်တဲ့ ဆရာဟိန်းလတ်၊ ရဲမြလွင်၊ ဒီနိုဗို၊ တော်ကောင်းမင်းနဲ့ ရတနာတို့က ဘာသာပြန်စာပေနဲ့ သူတို့ရဲ့အတွေ့အကြုံတွေကို ဟောပြောဆွေနွေးပေးသွားမှာဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့အခမ်းအနားကတော့ သမ္မာကျမ်းစာကို ဘာသာပြန်ဆိုသူ “စိန့်ဂျာရုမ်း” ကို ဂုဏ်ပြုတဲ့အနေနဲ့ စက်တင်ဘာလ ၂၉ ရက်နေ့မှာ နိုင်ငံအသီးသီးမှာ အထိမ်းအမှတ်အခမ်းအနား ကျင်းပကြတာ ဖြစ်ပါတယ်။
ဒီနှစ်ပွဲမှာ ထူးခြားတဲ့အစီအစဉ်အနေနဲ့ နာမည်ကျော် ဘာသာပြန်စာရေးဆရာ ၁၀ ဦးဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်၊ ဆရာဟိန်းလတ်၊ ဝင်းငြိမ်း၊ ရဲမြလွင်၊ ရှွေကူမေနှင်း၊ မသီတာ(စမ်းချောင်း)၊ သင့်လူ၊ ဒီနိုဗို၊ တော်ကောင်းမင်း၊ မိုးသက်ဟန် တို့ရဲ့ အတ္ထုပတ္တိအကြောင်းရေးသားထားတဲ့ “ဘာသာပြန်စာပေနဲ့ သူတို့ဘဝ၊ သူတို့အကြောင်း”စာအုပ်ကိုလည်း စတင်မိတ်ဆက်မှာ ဖြစ်ပါတယ်။
ဘာသာပြန်စာပေဟောပြောပွဲကို ရွှေဥဒေါင်းခန်းမ၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ သိမ်ဖြူလမ်း၊ ဗိုလ်တစ်ထောင်မြို့နယ် မှာကျင်းပမှာဖြစ်ပြီးတော့ လူဦးရေကန့်သတ်ထားလို့ တက်ရောက်လိုသူတွေက ယခုလင့် http://bit.ly/2lWFogK မှာRegister လုပ်၍စာရင်းသွင်းနိုင်ပါပြီနော်။
Peak Point Academy ရဲ့ ရုံးဖုန်းနံပါတ် 01-249607 နဲ့ 09-7789 00025 ကိုလည်း ဆက်သွယ် Register လုပ်နိုင်ပါတယ်။
#InternationalTranslationDay2019
#PeakPointAcademy
#MyanmarTranslationNetwork