တစ်ကိုယ်တည်း အင်္ဂလိပ်စကားပြော လေ့လာနိုင်တဲ့ နည်းလမ်း (၈)သွယ်
*** Unicode *** အင်္ဂလိပ်စာကို တစ်ကိုယ်တည်း လေ့လာလို့ ရပါတယ်။စာရေးတာ၊ ဖတ်တာ၊ နားထောင်တာ စတဲ့ စွမ်းရည်တွေ အားလုံးက တစ်ယောက်တည်း လေ့လာဖို့ လွယ်ကူပါတယ်။ သင်က စာကြောင်းလှလှလေးတွေကို ရေးနိုင်တယ်၊ ဝေါဟာရစကားလုံးတွေကို ရာနဲ့ချီ မှတ်နိုင်တယ်။ ဒါပေမယ့် စကားပြောဖို့ ပါးစပ်ဖွင့်လိုက်တဲ့အခါမှာတော့ ဘာမှထွက်မလာပါဘူး။တစ်ကမ္ဘာလုံးက စာအုပ်တွေ၊ ဝက်ဘ်ဆိုဒ်တွေ နဲ့ Appsတွေအားလုံးက သင့်ရဲ့ အင်္ဂလိပ်စကားပြောကို သွက်လက်အောင် ပြောဆိုနိုင်ဖို့ မကူညီနိုင်ပါဘူး။အင်္ဂလိပ်စကားပြောတိုးတက်ဖို့ အကောင်းဆုံးအရာက အင်္ဂလိပ်လူမျိုးတွေနဲ့ စကားပြောတာပါပဲ။ တစ်ခါတလေ ကျွန်တော်တို့မှာ ရွေးချယ်ခွင့် မရှိပါဘူး။ အင်္ဂလိပ်လိုပြောတဲ့ လူတစ်ယောက်နဲ့မှ မသိဘူးဆိုရင်ကော။ အချိန်မရှိဘူး ဆိုရင်ကော။ အင်္ဂလိပ်တစ်ယောက်နဲ့ လေ့ကျင့်ဖို့ အခုထိ ယုံကြည်ချက်မရှိသေးရင်ကော။ မစိုးရိမ်ပါနဲ့။ အင်္ဂလိပ်စကားပြောဆိုဖို့ အဖော်မရှိခဲ့ရင်တောင် အင်္ဂလိပ်ပြောစကားကို တိုးတက်စေနိုင်ပါ။ […]